10 February 2011

ဆောင်းရဲ့ညချမ်း၊ အလွမ်းမှတ်တိုင် နှစ်ချို့ဝိုင်


မနှစ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ညမှာ ရိုက်ဖြစ်တဲ့ ပုံလေးပါ၊ ကျနော်တို့ အားလပ်ရက် တစ်ပတ်တာ ခရီးထွက်နေတဲ့ ကာလမှာပါပဲ၊ အဲဒီညမှာတော့ မအိမ်သူနဲ့သားက ဧည့်ခန်းက ထိုင်ခုံမှာပဲ အိပ်ပျော်နေကြတယ်၊ တကယ်တော့ ညနေ ၆ နာရီ ကျော်ကျော်လေးပဲ ရှိသေးတာ...၊ ညစာတောင် မစားရသေးဘူး၊ စာဖတ်နေကြရင်းနဲ့ကို အိပ်ငိုက်ပြီး အိပ်ပျော်သွား ကြတာ၊ အအိပ်အနေ နည်းတဲ့ ကျနော့်မှာသာ ယောင်တောင်တောင်နဲ့ ထိုင်နေမိတယ်၊ ဒါနဲ့ ဒီပုံလေးကို ရိုက်ဖြစ်ပါတယ်၊ အဲဒီအချိန်မှာ တခုခုကိုလည်း လွမ်းနေမိသလိုပဲ...၊


ဆောင်းရဲ့ညချမ်း
Photobucket
5DmarkII + 24-105mm EF f/4 L, 75mm, f/5.6, 1/60, iso200

Strobist: 1 Yongnuo YN-560 camera right, power 1/32 bare, 1 Canon speedlite 430Ex camera left as fill, power 1/64 Gary Fong light sphere, flash triggered by Yongnuo RF-602 remote trigger.


ဒီပုံကို ရိုက်တော့ ဘက်ဂရောင်းက မီးလင်းဖိုက အရမ်းလင်းပါတယ်၊ အဲဒီမီးကို ယူပြီးရိုက်ရင် main subject ဖြစ်တဲ့ ဝိုင်ပုလင်းနဲ့ခွက်က မှောင်သွားမယ်၊ တခါ ဝိုင်ပုလင်းကို အဓိကယူရင် သူ့အပေါ်မှာ အလင်းနည်းတဲ့အတွက် ကင်မရာက အဲဒီပုလင်းအတွက် အလင်းကို မြှင့်ပေးပါလိမ့်မယ်၊ အဲဒီလိုဆိုရင် နောက်ဖက်က မီးလင်းဖိုက နဂိုကထက် ကို ပိုပြီး လင်းလာလိမ့်မယ်၊ main subject ကိုကျော်ပြီး ကြည့်သူရဲ့ အာရုံကို အရင်ဆုံး ဖမ်းယူပါလိမ့်မယ်၊ ကျနော်က မီးလင်းဖိုရဲ့ ဘက်ဂရောင်း အငွေ့အသက်လည်း ပါချင်၊ သူ့ဆီက အနှောင့်အယှက်ကိုလည်း မလိုချင်တဲ့အတွက် အမှောင်ခပ်များများနဲ့ setting လုပ်ပြီးမှ လိုအပ်တဲ့အလင်းကို flash ကနေ ပြန်ယူပါတယ်၊    Off-camera flash ဒါမှမဟုတ် strobist နည်းပါပဲ၊ Setting နဲ့ data အသေးစိတ်ကိုတော့ ပုံရဲ့အောက်ဖက်မှာ ပေးထားပါတယ်၊ အောက်က ပုံကတော့ ပထမဆုံး test shot ရိုက်တုန်းက ပုံပါ၊ ဘာ flash မှ မပါ,ပါဘူး၊


Photobucket

မီးလင်းဖိုက subject ကို ကျော်လွန်ပြီးတော့တောင် တောက်ပနေသလို သူ့အလင်းကြောင့်လည်း နောက်ဖက်က နံရံတို့၊ heater ခလုတ်တို့ပါ မလိုအပ်ဘဲ ပေါ်လွင်လွန်းနေတာ သတိထားမိပါလိမ့်မယ်၊ နောက်တစ်ခု ပြောစရာ ရှိတာက ဝိုင်ခွက်ပါ၊ ခြေထောက်တိုတိုနဲ့ သိပ်မလှဘူး၊ ဒါကတော့ ဘာမှမတတ်နိုင်ပါဘူး၊ သူများ အိမ်မှာ ရိုက်ရတာဆိုတော့ ရှိတာနဲ့ပဲ၊ လိုက်ရှာကြည့်တော့လည်း မီးဖိုချောင်တခုလုံးမှာ အဲဒီလိုခွက် တမျိုးပဲ တွေ့ရတယ်၊ အခုနောက်ပိုင်းမှာ ဒီ နည်းစနစ်နဲ့ ပုံတွေ အမျိုးမျိုး ရိုက်ကြည့်ချင်နေ မိတယ်၊ တကယ်တော့ ကင်မရာ ခလုတ်ကို နှိပ်တာထက် အလင်းကို 'မြင်' အောင် ကြည့်နိုင်ဖို့က ပိုပြီးခက်ပါတယ်၊ ဓါတ်ပုံဆိုတာက အလင်းနဲ့ရေးတဲ့ ပန်းချီပဲ မဟုတ်လား....။ ။

(Strobist အကြောင်း ပိုသိချင်ရင် ဒီမှာ သွားဖတ်လို့ ရပါတယ်။)


ညီလင်းသစ်
၁၀ ဖေဖော်ဝါရီ၊ ၂၀၁၁

13 comments:

Anonymous said...

ပုံတွေက စကာ:တွေအမျာ:ပြောနေတာပဲ

Myanmar Good Knowledg Co., Ltd said...

ပထမပုံက တည်တည်ငြိမ်ငြိမ်လွမ်းတာပေါ့။
ဒုတိယပုံက အပူတပြင်းလွမ်းကုန်ပြီပေါ့။
း)

ပညာတွေကိုမျှဝေရှင်းပြတာကျေးဇူးတင်ပါတယ်။
ကင်မရာကိုတော့ ခလုပ်နှိတ်တာပဲတတ်လို့ အခုလိုလေးတွေရေးတော့ နည်းနည်းသဘောပေါက်လာတယ်။

Mon Petit Avatar said...

la photo de votre femme et votre fils endormi sur le canapé, ça doit être très belle aussi!!!

Maung Myo said...

ဒီတစ်ခါတော့ ၀ိုင်ပဲသောက်ချင်စိတ်ဖြစ်သွားတယ်း)

ညီလင်းသစ် said...

Nyi ...
ဟုတ်လိမ့်မယ်ဗျ၊ အဲဒါကြောင့် "A picture is worth 100 talks" လို့ ပြောကြတာ ဖြစ်မယ်..။

မ,ကောင်းမွန်ဝင်း ...
ပုံနှစ်ပုံကို အဓိပ္ပါယ်ဖွင့်တာ လန်းတယ်ဗျို့...၊း)
အခုလို ကြားရတာလည်း ဝမ်းသာရပါကြောင်း...၊ ကျနော်သိသလောက် ထဲကပေါ့၊ Sharing is caring လို့ ဆိုကြတယ် မဟုတ်လား....နော့။

Mon Petit Avatar ...
Justement, mon idée au début était de poster cette photo. Ensuite, j'ai pensé qu'elle ne serait peut-être pas très contente quand elle la voit et j'ai laissé tomber. :)

မောင်မျိုး ...
ဝိုင်သောက်တာ အသက်ရှည်တယ်ဗျ၊ အဲဒီအကြောင်း သေချာ သုတေသနလုပ်ထားကြတာ ရှိတယ်၊ အဲ.. တနေ့ တစ်ခွက်ပဲ သောက်ဖို့တော့ လိုလိမ့်မယ်၊ :D

Baby taster said...

၂ပုံလုံးကြိုက်တယ် ဓါတ်ပုံရိုက်လည်းတော်
ကဗျာတွေ စာတွေလည်းရေးတော်
ဂစ်တာလည်းတီးတတ် မတော်တာ
ဘာရှိတုန်းး) စကားမစပ် ဒီဘလောဂ့်က
ပုံတွေ အကုန်ကြိုက်၏။ သားသားလေး
နှုတ်ခမ်းက ချစ်စရာလေး နီထွေးနေတာပဲး)

ညီလင်းသစ် said...

မ,baby taster ...
ဟာ.. ဒါ အကင်းပဲ ရှိသေးတာ၊ အများကြီး ကျန်သေးတယ်၊ ဟားဟား..အလကား နောက်တာပါဗျာ၊ သူသူကိုယ်ကိုယ် ဒီလိုပါပဲ..၊

ကျေးဇူးပါပဲနော်..။

Anonymous said...

နှစ်ပုံလုံးကိုကြိုက်ပါတယ်..
တနေရာ..တချိန်ထဲမှာဆန့်ကျင်ဘက် ခံစားချက်တွေအပြည့်နဲ့..
ယှဉ်ရင်တော့ဒုတိယပုံကိုပိုကြိုက်ပါတယ်... သိပ်အသက်ဝင်တယ်... ဗုံသံတွေတောင် ကြားလာသလိုပဲ.. ကျွန်တော်ကတော့ အခုမှ ကကြီးမှာတောင် ချွေးပြန်နေတုန်း..း)

Phyo Evergreen said...

ရင်ထဲမှာ လွမ်းသွားပြီး...စကားလုံးတွေပျောက်ဆုံးထွက်ပြေးသွားပြီ

လင်းလက်ကြယ်စင် said...

ဓာတ်ပုံလေးတွေလည်း လှသလို အတွေးလေးလည်း လှတယ် အကိုညီလင်းသစ်။ ဒီပို့စ်လေးဖတ်ရင်း မွေးရပ်မြေရဲ့ ဆောင်းရာသီကို လွမ်းမိတယ်။ ဒီမှာတော့ ဘာရာသီဥတုမှ မရှိလို့ ရာသီဥတုနဲ့ ပတ်သတ်တဲ့ ခံစားချက်လေးတွေတောင် ပျောက်ကုန်ပြီ ထင်ပါရဲ့ .. ။

ညီလင်းသစ် said...

N/A ...
ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ်ဗျာ။

ကိုဖြိုး ...
စကားလုံးတွေပဲ ထွက်ပြေးတာဆိုရင်တော့ တော်သေး တာပေါ့ဗျာ..။း)

ညီမ,လင်းလက် ...
ပြန်ပေါ်လာတာ ဝမ်းသာတယ်ဗျို့..၊ သတိတရနဲ့ လာလည်တာ ထပ်ဆင့်ဝမ်းသာပါတယ်..။း)

Iora said...

ပန်းချီကောင်းရင် ဓါတ်ပုံလိုဘဲ၊ ဓါတ်ပုံကောင်းရင် ပန်းချီလိုဘဲတဲ့။
ပုံလေးတွေက ပန်းချီလေးလိုဘဲ၊နော်။ (ဒါဆိုသဘောပေါက်နော)
I like both n my hubby likes the bright one.

ညီလင်းသစ် said...

Iora ...
ချစ်စရာကောင်းတဲ့ ချီးကျူးစကားလေးပါပဲ၊ ကျေးဇူး အများကြီး တင်ပါတယ်ဗျာ၊
Your hubby has the same idea as mine. Thanks to him as well!