‘ အမေနဲ့အိမ်ကို သတိရလိုက်တာ ’ တဲ့...။
ရွှေမန်းသူက
အလွမ်းတဝက်နဲ့ ပြောတယ်၊
လူက
မပေါ့မပါးမှာ
အလွမ်းတွေကပါ
ဖရုံဆင့်နေသေးတော့
ခမျာမှာ
ပိကျလေးလံလွန်းတဲ့ရက်တွေထဲ
ဒရွတ်ဆွဲဖြတ်သန်းရင်း
ရတနာဂီရိကနေ
မန္တလေးကို လှမ်းပြီးလွမ်းရတဲ့
စုဖုရားလတ်ရဲ့ လွမ်းခြင်းမျိုးနဲ့
လွမ်းလို့ပေါ့၊
ဟောဒီတောင်တန်းတွေကြားထဲ
ဘယ်သူကများ ပစ်ချထားခဲ့တာပါလိမ့်၊
ဒီအရပ်မှာ
နှင်းတောင်၊ ကျောက်တောင်၊ မြေသားတောင်
တောင်ညို၊ တောင်ဝါ
တောင်ချွန်း၊ တောင်မွတ်
အားလုံးနီးပါး ရှိရဲ့၊
ဒါပေမယ့် အာသာမပြေပါဘူးကွယ်...
အရိပ်ကလေးခိုစရာ မန်းတောင်ကို
ရမ်းယောင်လို့ပဲ တမ်းတမိနေတော့
အလွမ်းတစ်ထောင်ပြည့်ပေါင်းလဲ များလှပေါ့၊
အခုနေ
အမေသာဘေးမှာ ရှိရင်
လိုလေသေးမရှိ ဂရုစိုက်မှာ...
အခုနေ
သူငယ်ချင်းတွေသာ အနားမှာရှိရင်
အားပေးစကားတွေ ကြားရမှာ...
အခုတော့
မန်းရိပ် မန်းငွေ့ကင်းတဲ့အရပ်မှာ
မန်းသူ မန်းသားတွေကို
အလွမ်းထူ အလွမ်းပါးတွေနဲ့ပဲ
ရတနာပုံဆန်ဆန် လွမ်းနေရပြန်ရဲ့၊
မကြာခင်မှာ ရောက်လာတော့မယ့်
၃၇ ပတ်သား
သမီးကလေးရေ...၊
သမီးကလေးဟာ
အိမ်လွမ်းသူ အမေ့အတွက်တော့
အကောင်းဆုံး
အိမ်ပြန်လက်ဆောင်လေးပါပဲကွယ်။ ။
ညီလင်းသစ်
၁၃ ဧပြီ၊ ၂၀၀၈
(မိဝေး ဖဝေးမှာ သမီးကလေးနဲ့အလွမ်းတွေကို သယ်ပိုးထားတဲ့ မအုန်းအတွက်...)
ဂျပန်သွား တောလား - ၄
-
Day 9 - Takachiho Gorge, Miyazaki Prefecture, Kyushu Island
It is known for its crystal-clear mountain waters.
March 29, 2025.
Happy Traveling!
စန်းထွန...
3 days ago
2 comments:
ဟုတ်တယ် ဗျ ... အဲဒီ အချိန်က အမေ့ အိမ်ကို အလွမ်းဆုံး ... သူငယ်ချင်းဆို အော်စီမှာ မွေးလို့ ပို အဆင်ပြေ မှန်း သိပေမယ့် ... မြန်မာပြည် ပြန်မွေးတယ် ... :)
ကိုယ်ချင်းစာမိပါတယ်။ ကိုယ်လည်းကြုံခဲ့ရတာတွေပဲကိုး။ အဝေးကြီးရောက်နေသူတွေဆို
ပိုခံစားရမှာပေါ့နော်။ အဆင်ပြေပါစေရှင်။
Post a Comment