07 May 2009

အရောင်များနှင့် နေထိုင်ခြင်း


ဒီရက်ပိုင်းတွေမှာ ကျနော်လည်း ဘလော့ဂ်ဖက်ကို သိပ်မလှည့်နိုင်ခဲ့ပြန်ဘူး၊ အများသူငါ လိုပါပဲ၊ အလုပ်ရှုပ်တာနဲ့၊ မအားတာနဲ့၊ ပျင်းနေ တာနဲ့၊ စိတ်မပါတာနဲ့....၊ ဒီကြားထဲ Champion's league ဆီမီးဖိုင်နယ်ပွဲတွေကလည်း ကြည့်ရသေးပြန်တော့ တချို့ရက်တွေမှာ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး၊ တခါတခါ ကျနော်တွေးကြည့်မိတယ်၊ ဒီဘလော့ဂ်မှာ စာလေးတစ်ပုဒ်၊ နှစ်ပုဒ်၊ ဓါတ်ပုံလေး သုံးလေးပုံ လောက်တက်လို့ လူတွေက ပုံမှန်လာဖတ်တော့မယ်ဆိုရင် ကျနော်က တစ်ပတ်ဆယ်ရက်လောက် ပျောက်သွားပြန်ရော...၊ အကြောင်းမ ကြား၊ ဘာမကြားနဲ့...၊ ဒီတော့ လာရတဲ့လူတွေတော့ စိတ်ညစ်ချင် ညစ်နေမှာပါပဲ၊ :-(

ဒီရက်ပိုင်းတွေမှာတော့ ဓါတ်ပုံအတော်များများ ရိုက်ဖြစ်တယ်၊ ဓါတ်ပုံနဲ့ ပတ်သက်တဲ့ စာအုပ်တွေလည်း ဖတ်ဖြစ်တယ်၊ အခုလည်း ဟိုတလောဆီက ရိုက်ထားတဲ့ ပုံအချို့ပါပဲ၊ စိတ်ကူးကတော့ အရောင်တွေကို အပိုင်းတွေနဲ့ တင်သွားချင်တာပါ၊ ဒါပေမယ့် ဘယ်လောက် လုပ်ဖြစ်မလဲတော့ မသိသေးဘူး၊ လောလောဆယ်တော့ အလင်းတွေနဲ့ ရက်လုပ်ခဲ့တဲ့ အရောင်တွေအကြောင်း ဆိုပါတော့....။


အရောင် (၁)
IMG_2675a
EOS 450d, Sigma 18-200mm, 42mm, f/4.5, 1/60, iso200, External flash

ဘယ်ဖက်အစွန်က Methylene blue လို့ခေါ်တဲ့ pigment ကို ရေဖျော်ပြီး၊ အရောင်ပျော့အောင် ရေရောထားတာဖြစ်ပါတယ်၊ အလယ်က တော့အဲဒီ Methylene blue ကိုပဲ ရေမရောရသေးတဲ့ အနေအထားပါ၊ ဒီ colour pigment ကို အများအားဖြင့် analytical chemistry မှာ သုံးပါတယ်၊ ဆိုကြပါစို့၊ ရေထဲမှာ ကလိုရင်း (chlorine)၊ အောက်စီဂျင် (oxygen)၊ စတဲ့ oxydizing agents တွေရှိရင် သူ့အရောင်ဟာ ပြာနေပြီး၊ ရေဆိုး ရေပုပ်လို အောက်စီဂျင် နည်းပါးတဲ့ နေရာမှာဆိုရင်တော့ အရောင်မဲ့ (colourless) ဖြစ်သွားတယ်၊ Redox experiment လို့ခေါ်ပါတယ်၊ ညာဖက်အစွန်က အနီရောင်အရည်ကတော့ Rhodamine B ဖြစ်ပါတယ်၊ ဒီအနီရောင်မှုန့် နဲနဲလေးက ရေလီတာပေါင်း များစွာကို အနီရောင်ပြောင်းလဲစေနိုင်လို့ Tracer element အဖြစ်သုံးပါတယ်၊ မြစ်ချောင်းတွေမှာ ရေကြောင်းဘယ်လိုစီးတယ်၊ တူးမြောင်းတွေ၊ ရေပိုက်တွေမှာ ဘယ်ရေက ဘယ်ကလာတယ်ဆိုတာတွေ သိဖို့ သူ့ကိုစီးဆင်းစေပြီး လမ်းကြောင်းကို Trace လိုက်ယူပါ တယ်၊ အခုတလော သတင်းထွက်လာတဲ့ ငပိတွေကို ပန်းရောင်သန်းစေဖို့ ဆိုးတယ်ဆိုတဲ့ Rhodamine B ဟာသူပါပဲ၊


အရောင် (၂)
IMG_2678a
EOS 450d, Sigma 18-200, 51mm, f/5, 1/60, iso200, External flash

Pedology မှာသုံးတဲ့ ပလစ်စတစ် ပစ္စည်းတွေပါ၊ ဒီခက်ရင်း၊ ဓါး၊ ခွက် စတာတွေကို မြေစိုင်၊ မြေခဲတွေ ခွဲစိတ်ဖြတ်တောက်၊ သိမ်းဆည်းရာ မှာသုံးပါတယ်၊ ဘာရယ်မဟုတ်ဘူး၊ အရောင်နဲနဲစုံလို့ ရိုက်ထားလိုက်တာ...၊

အရောင် (၃)
IMG_2680a
EOS 450d, Sigma 18-200, 154mm, f/6.3, 1/60, iso200, External flash


အရောင် (၄)
IMG_2683a
EOS 450d, Sigma 18-200, 154mm, f/6.3, 1/4, iso200

3 comments:

mae said...

i like the second picture :)

Dr. Yi Yi Win said...

အခုမှပဲ မြင်ရတော့တယ်။ ရီဒါမှာ ပုံတွေမပေါ်ဘူးလေ။ ဒါနဲ့ အပြာနဲ့ အနီစပ်ရင် ခရမ်းဖြစ်တယ် ဆို ကိုညီလင်းသစ်ရေ။

ညီလင်းသစ် said...

Mae...thank you for your comment :)

မယုဝရီရေ...ရီဒါနဲ့ မဖတ်ဖူးလို့ ပုံတွေမပေါ်တာ ကျနော် မသိပါဘူးခင်ဗျာ၊ ဒီအတိုင်းဆို ကျနော်ပုံတွေဆက်တိုက် တင်ရင် မယုဝရီအတွက် အဆင်မပြေလောက်ဘူးပေါ့...၊

အပြာ ၅၀% နဲ့ အနီ ၅၀% စပ်ရင်ခရမ်းဖြစ်တယ်လို့ ပြောကြတာပဲဗျ၊ ကိုယ်တိုင်တော့ တခါမှ မစပ်ဖူးဘူး :D