04 October 2010

သူ့အကြိုက် ကိုယ့်အကြိုက်


ဟိုတလောဆီက ဓါတ်ပုံပြိုင်ပွဲတစ်ခု ကျနော်ဝင်ပြိုင်ဖြစ်တယ်၊ ပြိုင်ပွဲဝင်ခေါင်းစဉ်က စိတ်ဝင်စားဖို့ကောင်း သလို ဖော်ပြရမယ့်အကြောင်းအရာကလည်း ကျနော့်ရဲ့အလုပ်နဲ့ တိုက်ရိုက်နီးပါးကို ဆက်စပ်နေတဲ့အတွက် ကြိုးစားကြည့်မယ်ဆိုပြီး ဝင်ပြိုင်ဖြစ်သွားတာပါပဲ၊ ခေါင်းစဉ်က "Sustainable Development" တဲ့၊ စကားလုံးအနေနဲ့ ကျစ်လစ် သလောက် တင်ပြမယ်ဆိုရင်တော့ အင်မတန်ကျယ်ဝန်းပါတယ်၊ ကျနော်တို့ နေ့စဉ်ဘဝမှာ ပြုမူနေကျ အမူ အကျင့်လေးတွေမှ စပြီး Energy saving field ထဲ မှာတီထွင် ထုတ်လုပ် သုတေသနလုပ်နေကြတဲ့ အလုပ် တွေအဆုံး အားလုံး အကြုံးဝင်ပါတယ်၊

သွားတိုက်နေတုန်းမှာ ရေဘုံဘိုင်ကို ပိတ်ထားတာ၊ ခဏတဖြုတ် လက်ဆေးဖို့အတွက် ရေနွေးဘုံဘိုင် မဖွင့် ဘဲ ရေအေးပဲဖွင့်တာ၊ အိမ်မှာ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားတာ၊ အမှိုက်တွေကို တွေ့ကရာ မပစ်ဘဲ စနစ်တကျ ခွဲပြီး သူ့အစုနဲ့သူ စွန့်ပစ်တာ၊ စ,တဲ့အပြုအမူလေးတွေကလည်း sustainable development ပါပဲ၊ ယေဘုယျပြောရင်တော့ ကိုယ်ရဲ့နေထိုင်ပုံ၊ ကျင့်ကြံပြုမူပုံ တစုံတရာဟာ လက်ရှိကိုယ့်ပတ်ဝန်းကျင် ကိုရော နောင်လာမယ့်မျိုးဆက်အတွက်ရော မထိခိုက်၊ အကျိုးမဲ့ မဖြစ်အောင် ကြိုးစားတာဟာ sustainable development ပါပဲ၊ မြန်မာလိုတော့ ဘယ်လိုခေါ်ရမလဲ၊ တာရှည်ခံ ဖွံ့ဖြိုးမှု လို့ဆိုမလား၊ မြန်မာမှုပြုပြီးသား ရှိလား ကျနော်မသိပါဘူး၊

ဒီနေ့ကာလမှာ sustainable development, green energy, environmental protection စတဲ့အသံတွေ က တဖြေးဖြေးနဲ့ ပို,ပိုပြီး ကျယ်လောင်လာပါတယ်၊ နာတာရှည်လူမမာကြီးဖြစ်နေတဲ့ ကမ္ဘာကြီးကလည်း တရှောင်ရှောင်နဲ့ဆိုတော့ ပိုပြီးဆိုးမသွားအောင် တတ်နိုင်သလောက် ဝိုင်းဝန်းကယ်ဆယ်ဖို့ တိုက်တွန်းတဲ့ အသံတွေလည်း ပိုပြီးကြားလာရပါတယ်၊ ပြိုင်ပွဲကို ကျနော်အလုပ်လုပ်တဲ့ ကျောင်းမှာရှိတဲ့ ဓါတ်ပုံအသင်းက စီစဉ်ပြီးတော့ ဓါတ်ပုံ ၃ ပုံအထိ ပေးပို့နိုင်ပါတယ်၊ ကျနော် တတိယဆုပဲ ရပါတယ်၊ ဒါပေမယ့် သူတို့ ရွေးလိုက်တဲ့ပုံက ကျနော်သိပ်မမျှော်လင့်ထားတဲ့ပုံမို့ နဲနဲတော့အံ့သြသွားတယ်၊ ပုံက ရေဘုံဘိုင်ခေါင်းက ရေတစ်စက်ချင်း ကျနေတဲ့ပုံ နံပါတ် (၃)ပါ၊ အဲဒီပုံက ဒီပွဲအတွက် ရည်ရွယ်ပြီး ရိုက်ထားတဲ့ပုံလည်း မဟုတ် ပါဘူး၊ ကျနော်က အကယ်၍ဆုရမယ်ဆိုရင် ဒီပုံတော့ မဖြစ်နိုင်ဘူးလို့ တွေးထားတာကိုး၊ ပြိုင်ပွဲကို ပို့ခဲ့တဲ့ ၃ ပုံစလုံး ကို မူရင်း Title နဲ့အတူ ဖော်ပြလိုက်ပါတယ်၊ အကယ်၍ မိတ်ဆွေသာ အကဲဖြတ်ဒိုင်အဖွဲ့ထဲက တစ်ယောက် ဆိုရင် အဲဒီပုံကိုပဲ ရွေးမလား? တခြားပုံတစ်ခုကို ရွေးဖြစ်မလား?

(1) Our needs, without depriving someone else's
Photobucket
The persistent and non-biodegradable substances such as pesticides, pharmaceutical compounds, biocides, etc. are found more and more in the lakes. A balance between consumption and removal is part of sustainable development.
(Canon EOS 450d, EF 70-200mm f/2.8L IS, 70mm, f/11, 1/200, iso100, Exp -1)


(2) Water: A durably good and sufficient inheritance
Photobucket
Will we be able to leave behind for our children water of same quality and quantity as the one, left by our parents?
(EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso100)


(3) Use but not waste
Photobucket
In the world, an every five person doesn't have drinking water, especially in rural area.
(Canon EOS 450d, EF-S 18-55mm f/3.5-5.6 IS, 55mm, f/5.6, 1/200, iso200, flash)


ညီလင်းသစ်
၎ အောက်တိုဘာ၊ ၂၀၁၀

13 comments:

Nge Naing said...

Congratulations ကိုညီလင်းသစ်။
ကျွန်မလည်း အဲဒီခေါင်းစဉ်နဲ့ဆိုရင် သူတို့ရွေးလိုက်တာ မှန်တယ်လို့ ယူဆတယ်။ ရေပိုက်ချောင်နေရင် တစက်ချင်းကနေတာ ရေစက်သေးသေးလေးတွေကို ကြည့်ပြီး ရေတွေ အလဟသ ဆုံးရှုံးတာကို လူတွေ သတိမထားမိကြဘူး။ ဒီလိုမျိုး အိမ်တိုင်းလိုလို ဖြစ်နေမယ်ဆိုလို့ရှိရင် ရေတွေ ဘယ်လောက် ဆုံးရှုံးမလဲဆိုတာကို အသိပေးနေသလို ဓါတ်ပုံကလည်း အသက်ဝင်တယ်လို့ ခံစားရတယ်။

Mon Petit Avatar said...

Félicitation!!!! J'aime la troisième photo parce qu'elle communique avec notre vie quotidienne.

Maung Myo said...

ကျနော် အစ်ကို့ စာဟောင်းတွေ ပြန်ဖတ်ဖြင့်တိုင်း ဓာတ်ပုံတွေ သွားကြည့်ဖြစ်တယ် အရမ်းလှလို့ ဖိုတိုရှော့တောင်ထင်ရတယ် ဆုတောင်ရတယ်ဆိုတော့ အစ်ကို့လက်ရာတွေ မြောက်ပုံကိုတော့ သိသွားပြီး ကျနော်က ဒုတိယ ပုံကိုပိုကြိုက်တယ် ဆုရတဲ့ပုံကတော့ ကျနေတဲ့ ရေပေါက်ပုံလေးက တော်တော်ကိုအသက်ဝင်တာပဲ အဲ့တာကြောင့် ဆုရတာထင်တယ်နော့် ဓာတ်ပုံအကြောင်းမသိပဲ ၀င်ဆြာလုပ်သွားကြည့်တာ ဂုဏ်ယူပါတယ် အစ်ကို ။

သက်ဝေ said...

သိပ်လှတဲ့ ဓါတ်ပုံတွေပဲ..
ကိုယ်သာဆိုရင်လဲ နံပါတ် ၃ ပုံကိုပဲ ရွေးချင်တယ်...
Theme ရော Photography Skill ပါ အဲဒီပုံမှာ ထင်ဟပ်နေလို့ပါ... ဓါတ်ပုံပြိုင်ပွဲဆိုတော့ Theme တင်မက Skill ပါ လိုအပ်တယ်လို့ ထင်ပါတယ်...

Congratulation ပါ...း))

Soe Mya Nandar Thet Lwin (Borros Roxo) said...

"Sustainable development, Green energy, Environmental protection" တွေဟာ လူတဦးတယောက်ခြင်း၊ အိမ်ထောင်စု တစုစီခြင်းနဲ့ သက်ဆိုင်နေပြီး တတ်နိုင်သလောက် ကိုယ့်ပတ်ဝန်းကျင်ကို တာဝန်ကိုယ်စီယူပြီး ထိမ်းသိမ်းကြရင် သိပ်ကောင်းမှာပဲ တွေးမိတယ်။

အဲဒီအတွက် ကိုယ်ကိုတိုင်လဲ တတ်နိုင်သလောက် ကျင့်သုံးနေထိုင်ပြီး ကိုယ်နဲ့ ပါတ်သတ်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုလဲ အခွင့်ရသလို ဆွဲဆောင်ဖြစ်တယ်။ ဒါလဲ ကိုယ့်ဘက်က တတ်နိုင်သလောက်လေး ကိုယ်ရှင်သန်ရာ ကမ္ဘာကြီးကို ထိမ်းသိမ်းတယ် ဆိုရမှာပေါ့နော်။

နန္ဒာလဲ သူတို့ ရွေးလိုက်တဲ့ နံပါတ်သုံးပုံကို ကြိုက်တယ်။

"Use but not waste" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပုံဟာ သိပ်လိုက်ဖက်ညီတာပဲ။

တခါတရံမှာ လူတွေ သတိမပြုမိတဲ့ အသေးအဖွဲ ကိစ္စလေးတွေဟာ "Sustainable Development" အတွက် ထိရောက်မှု့ရှိလို့ ကိုညီလင်းသစ်ရဲ့ ရေဘုံဘိုင်ခေါင်းက ရေတစ်စက်ချင်း ကျနေတဲ့ပုံကို အကဲဖြတ်ဒိုင်အဖွဲ့က ရွေးချယ်မှု့ မှန်ကန်စွာနဲ့ ရွေးလိုက်တာလို့ မြင်ပါတယ်။

အနုပညာ မျက်စိနဲ့ ဖန်တီးလိုက်တဲ့ ဓါတ်ပုံတွေဟာ အဓ္ဓိပ္ပါယ်ကို စကားလုံးပေါင်း များစွာနဲ့ ရေးပြ ရှင်းပြစရာမလိုပဲ စကားပြောတတ်ပါတယ်။

ဂုဏ်ယူပါတယ် ကိုညီလင်းသစ်။ Keep it up!!!

Have a lovely week!!!

ခင်မင်လေးစားလျှက်
နန္ဒာ

မေငြိမ်း said...

ညီလင်းရေ..
ဟုတ်တယ်ဗျ..
အံ့သြစရာပဲ.. အမလည်း နံပါတ် ၃ကိုပဲ ရွေးတယ်..။
တတိယပဲ မဟုတ်ပါဘူး ငါ့မောင်ရယ်.. တတိယတောင်ရတာပါ..
ဂုဏ်ယူပါ၏...

hninhnin said...

Congratulation ko nyi! I always tell my son ur 3rd title.No wonder i like that photo.It deserved award.Go on bro.

Sonata Cantata said...

Congratulations. အကြိုက်ဆုံးကို အစီအစဉ်အလိုက် ပြောရရင် ပုံ-၃, ၁, ၂ ပါ။

Shinlay said...

Congratulations
ကျမတော့ရွေးတာမှန်တယ်လို့ ထင်ပါတယ်။
ခေါင်းစဉ်လေးနဲ့ ပုံနဲ့ ပြပွဲခေါင်းစဉ်နဲ့ အလွန်လိုက်ပါတယ်။

ညီလင်းသစ် said...

မငယ်နိုင် ...
အဲဒီခေါင်းစဉ်အတွက် ဆိုရင်တော့ ဒီပုံရဲ့ impact က တခြားနှစ်ပုံထက် ပိုတာအမှန်ပါပဲ၊ ကျေးဇူးပါပဲဗျာ...။

Mon Petit Avatar ...
Merci beaucoup! Certes, celle-là exprime bien le gaspillage de notre vie! :)

မောင်မျိုး ...
ကျနော်လည်း အဲဒီပုံကို ကြိုက်တယ်၊ ဆုရတဲ့ပုံကို ပြန်ကြည့်တော့ အားနည်းချက်တွေ တွေ့နေရလို့ဗျ၊ တကယ်ဆို ဒိထက်ကောင်းအောင် ရိုက်လို့ရနိုင်ရဲ့သား နဲ့ဗျာ၊ ကျေးဇူးပါပဲ ...။

မသက်ဝေ ...
ဟုတ်ပါတယ်၊ Theme ရော Skill ပါအရေးကြီးပါတယ်၊ ကျေးဇူးတင်ပါတယ်နော်...။

နန္ဒာ ...
ကျနော်တို့ တစ်ယောက်စီရဲ့ နေ့စဉ်ဘဝ ဖြုန်းတီးမှုကို ပြတဲ့နေရာမှာတော့ အဲဒီပုံက အခြားနှစ်ပုံထက် နဲနဲပိုပြီး “တာ”သွားတယ်လို့ ဆိုရမှာပဲ၊ ကျေးဇူးတင်ပါ တယ်ခင်ဗျာ...။

အစ်မမေငြိမ်း ...
“ပဲ” နဲ့ “တောင်”... စကားလုံးလေးနှစ်လုံး ပြောင်းလိုက် တာနဲ့တင် လူတစ်ယောက်ဟာ ဘယ်လိုစိတ်ဓါတ်ခွန် အား ပြန်တက်လာစေနိုင်တယ်ဆိုတာ သတိပြုမိစေလို့ ကျေးဇူး အထူးပါအမရေ့...။ :D

့hninhnin ...
IMO, it is important to be aware of that borderline between use and waste in all aspects. Thanks for your encouragement, sis! :)

sonata-cantata ...
နှစ်သက်ရာဒီဂရီကို အခုလို နံပါတ်စဉ်တပ်ပြီး ပြောပြ သွားတာ ကျေးဇူးတင်ပါတယ်၊ ကျနော့်အတွက် တန်ဖိုး ရှိလှပါတယ်...။

မ,ရှင်လေး ...
လာလည်တဲ့အတွက်ရော ချီးကျူးစကားအတွက်ပါ ကျေးဇူးတင်ပါတယ် ခင်ဗျာ...။

Sint Si said...

I'll chose the third one too.Focal point is not very strong in the other two picture.

Myanmar Good Knowledg Co., Ltd said...

ဆုသုံးဆုထဲကိုဝင်နိုင်တဲ့ အတွက်ဂုဏ်ယူပါတယ်။

ပုံ(၃)ကို ကျွန်မလည်းအကြိုက်ဆုံးပါပဲ။
ခေါင်းစဉ်နဲ့ လိုက်ဖက်တာ
အလင်းအမှောင်အရိပ်ကောင်းတာ
လှုပ်ရှားမှုကို ရိုက်ယူနိုင်တာ
ရေစက်ထဲက ပုံရိပ်ကို ထင်ဟပ်ပြနိုင်တာ
တွေကတော့ နံပါတ်၃ကိုကြိုက်ရတဲ့ အချက်တွေပါ။

Amber said...

I will choose No.3. Nice photo.