13 August 2010

စီဂျီအင်န်


ဒီလဆန်းက ကျနော်ခွင့် နှစ်ပတ်ယူဖြစ်ပါတယ်၊ အကြောင်းကတော့ အဖေနဲ့အမေရောက်နေတော့ ဟိုနားဒီနား လိုက်ပို့ဖို့ပါပဲ၊ မနှစ်ကတော့ ဒီလိုအချိန် ခွင့်သုံးပတ်ယူဖြစ်တယ်၊ မယူလို့လည်း မဖြစ်ဘူး၊ သားရဲ့နေ့ကလေးထိန်းကျောင်းက သြဂုတ်လမှာ အမြဲတမ်း သုံးပတ် ပိတ်လေ့ရှိတော့ သူ့ကိုအိမ်မှာ ထိန်းရမှာကိုး၊ အခုတော့ သူ့ကိုအဖိုးအဖွားနဲ့ လွှတ်ထားလိုက်တယ်၊ ကျနော့်အတွက်လည်း ခွင့်တွေ နဲနဲစုထားလို့ ရတာပေါ့၊

ဒီနှစ်ပတ်အတွင်း မိဘတွေကို တချို့နေရာလေးတွေ လိုက်ပြရင်း ကျနော်လည်း သူတို့နဲ့ရောပြီး တိုးရစ်စ်လုပ်နေမိတယ်၊ အဲဒီထဲက ခရီးစဉ်တစ်ခုကတော့ သင်္ဘောစီးခြင်းပါပဲ၊ ကျနော်တို့နေတာက ရေကန်ကြီးဘေးမှာဆိုတော့ သင်္ဘောစီးဖို့ အဆင်ပြေပါတယ်၊ သာမန် အချိန်မှာ ပြင်သစ်ကနေ အလုပ်လာလုပ်ကြတဲ့သူတွေစီးတဲ့ ဒီသင်္ဘောတွေဟာ နွေရာသီမှာတော့ တိုးရစ်စ်တွေနဲ့ ပြည့်နေတတ်ပါတယ်၊ အဲဒီနေ့ကတော့ ကားနဲ့ ၁၅ မိနစ်လောက်မောင်းရတဲ့ မြို့ကလေးကို သွားလည်ဖို့ သူတို့ကိုသင်္ဘောနဲ့ ခေါ်သွားလိုက်တယ်၊ ကျနော်ကိုယ် တိုင်လည်း သင်္ဘောတွေ ကိုကြိုက်တာပါ,ပါတယ်၊ အဲဒီတုန်းက ရိုက်ထားတဲ့ ပုံတချို့ပါပဲ၊ သြော်.. စီဂျီအင်န်ဆိုတာက Compagnie Générale de Navigation ကိုခေါ်တာပါ။ ။


CGN (1)
Photobucket
La Suisse လို့အမည်ရတဲ့ ဒီသင်္ဘောကို ၁၉၁၀ မှာ ဆောက်ပါတယ်၊ အဲဒီတုန်းကပုံစံအတိုင်း ဒီနေ့ထက်ထိ ရေဒလက်နဲ့မောင်းတယ်၊

CGN (2)
Photobucket
ပြင်သစ်နဲ့ ဖက်စပ်ဖြစ်လို့ သင်္ဘောဦးမှာ ပြင်သစ်အလံကိုလည်း လွှင့်တင်ထားပါတယ်၊

CGN (3)
Photobucket


CGN (4)
Photobucket


CGN (5)
Photobucket


CGN (6)
Photobucket


CGN (7)
Photobucket


CGN (8)
Photobucket
Au revoir...!


ညီလင်းသစ်
၁၃ သြဂုတ်၊ ၂၀၁၀

3 comments:

Maung Myo said...

ပင်လယ်ကြီးက ပြာနေတာပဲ တောင်ကမ်းပါတွေနဲ့ ကြည်နူးစရာ ရှု့ခင်းလေးပဲ ။ ပင်လယ် ဆိုတာကို မမြင်ရတာ ဘယ်လောက်တောင် ကြာနေပြီလည်းမသိး( ။

Dr. Yi Yi Win said...

လာလည်ချင်လိုက်ပါဘိ။

MieMie said...

ကျမလည်း သင်္ဘောစီးရတာ အရမ်းကြိုက်တယ် ... ရေတွေကြည့်နေရလို့ သဘောကျတာ ...
ရန်ကုန်သွားလည်တုန်းက ဧရာဝတီဖက်မှာ ရှိတဲ့ ကျမအမေနေခဲ့တဲ့ရွာကို သင်္ဘောစီးပြီးသွားချင်တာ
အမျိုးသားက စိတ်ပူပြီး သွားမလည်ရဘူးပြောလို့ မရောက်ခဲ့ရဘူး...ကျမက ရေမကူးတတ်ဘူးလေ...
ညီလင်းက ရေကန်စပ်မှာနေရတာဆိုတော့ အရမ်းမိုက်တယ်.... ရေတွေတချိန်လုံး မြင်နေရလို့ ....