01 April 2013

ရေမြုပ်သွားတဲ့ ကျွန်းကလေး


ကျနော် စင်္ကာပူကို သွားခဲ့တဲ့ ခရီးစဉ်အကြောင်းကို အပိုင်းတွေခွဲပြီး ဘလော့ဂ်မှာ တင်မယ်လို့ ရည်ရွယ်ထားပေမယ့် အခုတော့ ရပ်လိုက်ပါပြီ၊ တကယ်တမ်းမှာ ဆက်ရေးမယ်ဆိုရင် ဓါတ်ပုံတွေ အများကြီးနဲ့အတူ နောက်ထပ် ၂ ပိုင်းလောက်တော့ ကျန်ပါသေးတယ်၊ ဒါပေမယ့် ကျနော့်စိတ်ထဲမှာ အဲဒါတွေကို ဆက်ရေးနေလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ခံစားလာရတာနဲ့ အခုလို ရပ်လိုက်တာပါ...၊

ပြီးတော့ အချိန်ကုန်တာ မြန်လွန်းလို့လည်း ဒါတွေဆက်တင်ရင် ကြာနေဦးမှာ စိုးတာကလည်း တစ်ကြောင်းပေါ့၊ အခုကိုပဲ ၂၀၁၃ ရဲ့ ဧပြီလတောင် ရောက်နေပြီ မဟုတ်လား၊ လာလည်ကြတဲ့ ညီအစ်ကို၊ မောင်နှမအားလုံး ကျန်းမာ၊ ပျော်ရွှင်ပါစေဗျာ...။


ညီလင်းသစ်
၁ ဧပြီ၊ ၂၀၁၃

33 comments:

Anonymous said...

myaw like ya tar, a maw sote twar tar pae.....No matter what....:P Be happy

Anonymous said...

တခါတလေ အဲလိုမျိုးခံစားမိဖူးတယ်၊၊
တိမ်ပြာ(မနောမြေ)

ko ko said...

pls carry on we're waiting for to read. Wishing not to be APRIL FOOL. :)

Anonymous said...

ကိုညီလင်း ...တခါမှ အဲ.လို တုံးတိပြောပြီး ပို.စ်တွေကို မရပ်လိုက်ဖူးပါဘူး။
အကြောင်းတခုခုကြောင်.လိုထင်မိပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပါ၊ ကိုညီလင်းရေးသမျှပို.စ်လေးတွေကို အမြဲဖတ်ဖြစ်နေမှာပါဘဲ။

ဒီဘလော.ဂ်ကိုလာဖတ်နေကျလူတွေအားလုံးကတော. ကျွန်းကလေးရဲ. ဆက်ရန်ပို.စ်တွေကိုမျှော်နေကြမှာတော. သေချာပါတယ်။

Anonymous said...

U can't trick me

Nyi

သက်ဝေ said...

ဒါညိုးတွေ ရိုးနေပြီ ကိုညီလင်း... ဟင်း ဟင်း ဟင်း...

Anonymous said...

အရူးလုပ်လို့ရဘူးနော်...

ရွှေအိမ်စည် said...

ဟင်...................

ရွှေအိမ်စည် said...

ဧပြီဖူးလ်လား အကို..။
အဲလိုပဲ ဟုတ်တယ်မလား..ဟုတ်တယ်နော်..။
ဟိုတစ်ခါ ဧပြီတုန်းက နေမကောင်းဘူးလို့ နောက် ရေးသလိုမျိုးလေ..။
အဲလိုပဲ အခုလည်း နောက်တာမလား..????
နောက်တာလို့ပဲ ယူဆပြီး ပျော်ပျော်ကြီးအရူးလုပ်ခံချင်ပါတယ်..။
တကယ်တော့ မဖြစ်ပါရစေနဲ့...။
ဘာလို့လဲ...ဘာဖြစ်လို့လဲ....???????????
အကို.............
ငိုမှာနော်....တစ်ခါမှ အဲသလိုရေးလက်စ ရပ်ပစ်လိုက်တယ် ဆိုတာမှ မရှိတာ။
:( :( :( :(

Anonymous said...

April foollllllllll!
Iora

Thandar Lwin said...

ကိုညီလင်းရေ

Anonymous said...

April Fool ဖြစ်ပါစေလို့ပဲဆုတောင်းပါတယ်..
Your photos' big fan..
N/A

Kabyar said...

ဒီနေ့ လာကြည့်ရင် ဒါမျိုးလေးတွေ့ မယ်လို့  မှန်းထားတာ မှန်သွားတယ်..... ဟင်း ဟင်း ဟင်း။။ :D :D :D :D

Anonymous said...

Still Hoping to your singapore trip photos..
:D

Cameron said...

နည်းနည်းတော့ ထူးဆန်းတယ် အစ်ကိုဒါမျိုးတခါမှမလုပ်ဖူးပါဘူး... ခရီးသွားပို့စ်တွေကိုဆုံးတောင်တင်တတ်တာပါ...။ တစ်ခုခုကြောင့်လို့တော့ထင်တယ်...။ ဘာပဲဖြစ်ဖြစ် အဲဒီတစ်ခုခုကို စိတ်ထဲမထားဘဲ ဘလော့မှာတော့ တခြားတင်စရာရှိတာလေးတွေ ဆက်တင်သွားစေချင်ပါတယ်...။

Anonymous said...

Bro, April Fool!! ha ha ha
Isn't it?

Nyi Ma War So..

Anonymous said...

April fool :D

နောက်တွဲပိုစ်တွေကို စောင့်နေတာနော် အဲ့ဂလိုလုပ်ရဖူးးးး

Anonymous said...

ဟမ်'''''
AA

Anonymous said...

ညာတာ၊ ဧပရယ်ဖူးလ်လုပ်တာ၊ ငြိမ်းသိတယ်၊ ငြိမ်းတို့ စာဖတ်ပရိတ်သတ်တွေကို ထားမသွားဆိုတာ။

ချစ်ကြည်အေး said...

ညှင်း ညှင်း ညှင်း (ဘယ်လက်က ခါးထောက်၊ ညာလက်က မေးစေ့ပွတ်ရင်း ရယ်သွားးးး)

San San Htun said...

ဒီက အပိုင်းတွေကို မျှော်နေတာ..ရေမြုပ်ပစ်လိုက်ပြီတယ့်..ဧပရယ်ဖူး ဖြစ်ပါစေ..တကယ်မဟုတ်ပါစေနဲ့ ...

ညိုလေးနေ said...

ဟယ်
ကျွန်းလေးရေမြုပ်သွားပြီပဲ
နေလို့ မရတော့ဘူး
အစ်ကိုရေ အာဂန္တု ကျွန်းသူ၊ကျွန်းသားတွေ နေဖို့ ဆွစ်တောင်တန်းတွေဆီမှာ တစ်ကျွန်းစာလောက်မြေနေရာ ဝယ်ထားပေးပါနော်
အဲဒါဆိုရင်တော့ အားလုံးအတွက်အကျိုးရှိမယ် ဟုတ် ?
:D

Aunty Tint said...

ပို့စ်တွေ အပိုင်းခွဲပြီး တင်နေတာကနေ ဆက်တင်နေရင် အများအတွက် အကျိုးမရှိစေဘဲ အချိန်တွေကုန်တယ်ဆိုတဲ့ အတွေးမျိုးကို တွေးခဲ့တဲ့မောင်ညီလင်းရဲ့ စိတ်ဓာတ်ကို ချီးကျူးပါတယ်ကွယ်.. တီတင့်လည်း ကိုယ်တင်လိုက်တဲ့ ပို့စ်ဟာ တစ်ပါးသူအတွက် ထိခိုက်မှု ရှိမရှိဆိုတာလောက်ပဲ တွေးတောဘူးခဲ့ပေမယ့် အခုလိုအကျိုးရှိမရှိကို တွေးဘို့သတိမေ့နေခဲ့တယ်..
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Aunty Tint said...

ဟိုက်... အခုမှ အပေါ်ကကွန်မန့်တွေ ဖတ်ပြီး April fool လုပ်လိုက်တာလားလို့ အတွေးရောက်သွားတယ် ဟိဟိ

Anonymous said...

“ကျနော့်စိတ်ထဲမှာ အဲဒါတွေကို ဆက်ရေးနေလို့ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးလို့ ခံစားလာရတာနဲ့ အခုလို ရပ်လိုက်တာပါ...၊

ပြီးတော့ အချိန်ကုန်တာ မြန်လွန်းလို့လည်း ဒါတွေဆက်တင်ရင် ကြာနေဦးမှာ စိုးတာကလည်း တစ်ကြောင်းပေါ့၊ ”
အဲ.လိုဆိုရင် ဟိုးအရင်တုံးက မြန်မာပြည်ပြန်တုံးကအပိုင်းများကြီးခွဲရေးတာကျတော.ရော၊မြန်မာပြည်ကပုံတွေ၊အထူးသဖြင်.ချဉ်ပေါင်ကြော်ပန်းကန်ကိုအနီးကပ်ရိုက်ပြလို.၊ စာလာဖတ်တဲ.သူတွေ ဒုတ်ခရောက်တာတွေကျတော. ဘယ်လိုပြောမလဲ။
ကိုညီလင်း ရဲ.ဘလော.ဂ်ဖတ်တာ အကျိုးရှိဖို.မှမဟုတ်တာ၊ ကြိုက်လို.ကိုလာဖတ်ကြတာကို။ အကျိုးရှိချင်ရင် တက်ကျမ်းတွေဘဲသွားဖတ်တော.မှာပေါ.။
ဧပြီ ဖူးလ် ဆိုရင်လဲ ဒီနေ.ဆို ဧပြီ ၁ရက်နေ.ကျော်သွားပြီ။ ပြန်တင်လို.ရပြီနော်။
တောင်းဆိုတဲ.သူတွေသိပ်များနေပြီနော်၊ အဲဒီတော. ပဲမများရဘူး

Anonymous said...

အခုထက်ထိလည်း လာမဖြေသေးဘူး
ဟင့်......
လာ လာ ကြည့်နေတာ
စိတ်ထဲတစ်မျိုးကြီးဖြစ်နေလို့

သူသူ

ညိမ်းနိုင် said...

ဟွမ်းဟွမ်း.....တမြန်နှစ်ကလား၊မနှစ်ကလား...စက်ဘီး
မှောက်လို့လက်ကျိုးပါတယ်ဆိုကတည်းက ၁၀နှစ်စာ
လောက် မှတ်သွားတာ...၊ဒါပေမယ့် အကို အောင်မြင်ပါ
တယ်...၊လာဖတ်သမျှလူတွေအားလုံးနီးပါးကို ပျော်သွား၊
ပြုံးသွားစေလို့လေ..... :)))))

Anonymous said...

ဧပရယ် ၁ ရက်နေ့ကရေမြုပ်သွားတဲ့ ကျွန်းကလေးဟာ ၇၂ နာရီအတွင်း ရေပြန်ကျ သွားပြီးပြန်ပေါ်လာပါပြီ၊ သနားစရာကျွန်းကလေးကို ပြစ်မထားပါနဲ့။
ငြိမ်း

Anonymous said...

ရေးပါတေါ့။
Our mom, 81 years old is a regular silent reader of yours and she keeps waiting your series as we told them you just made an April fool. Today is already 3rd April in Singapore and she feels less confident in our saying.

ဇွန်မိုးစက် said...

ကျွန်းကလေးကို ရေမြှုပ်ပစ်တဲ့ အစ်ကို့ကို စိတ်ဆိုးသွားဘီ... နောက်တစ်ခါလာလည်ရင် မတွေ့တော့ဘူး။

မောင်မျိုး said...

အမယ်.... လာသေးဒယ် သားအေးရယ်

ယုံဘူးးးး

Anonymous said...

ကိုညီလင်း

အပြစ်တွေအားလုံး ခွင့်လွှတ်တယ်။ အိမ်ကလူတွေ စိတ်ပူနေကြပြီ။ အမေလည်း ကိုညီလင်းစိတ်နဲ့အသည်းအသန်ဖြစ်နေတယ်။ အိမ်ကို အမြန်ပြန်လာပါ..
အမေက မိန်းမနဲ့ကလေးခေါ်လာလည်း စိတ်မဆိုးဘူးတဲ့။

ပုံ/

ညီ

မြသွေးနီ said...

ဧပရယ်ဖူးလ်ဆိုရင်တော့ ရှိစေ...ပေါ့..။
စိတ်ထဲ တကယ်မရေးချင်တော့တာဆိုရင်လဲ စိတ်ရှိသလောက် ခဏရပ်ထားလိုက်ပေါ့။
ရေးချင်စိတ်ရှိလာရင်တော့ ပြန်ရေးပါနော။
ရေးလက်စပို့စ်ကို ဆက်ရေးချင်စိတ် မရှိတော့ဘူးဆိုရင်လဲ အရင်လို ရေးနေကျတွေပဲ ဆက်ရေးပါ ကိုညီရေ..။ ဘလော့ရေးသူ ဘလော့ဂါတိုင်း အခိုက်အတန့်တော့ ဘလော့နာဖြစ်တတ်ကြပါတယ်။ ကိုယ့်ရဲ့အမာခံပရိသတ်တွေက စိုးရိမ်နေတတ်ကြတယ်လေ။ အဆင်ပြေပါစေ..။